ကလေးငယ်လေးတွေကို ဘာအသီးတွေနဲ့ စမိတ်ဆက်ပေးမလဲ?
ကလေးလေးက အသက် ၆ လ ပြည့်ပြီဆိုရင် မိခင်နို့အပြင် အစားအစာတွေကို စတင် မိတ်ဆက်ပေးလို့ ရပါပြီ။ ကလေးတွေကို ပထမဆုံး စတင် မိတ်ဆက်ပေးတာတော့ မန်းမန်း ကြိတ်ထားတာကို နို့မှုန့်၊ မေမေနို့လိုမျိုး အရာတွေနဲ့ပေါ့။ ဒီကနေမှ တဆင့်တက်တဲ့အခါ ပူတူးတူးလေးကို အသီးအရွက်တွေ သစ်သီးတွေ မိတ်ဆက်ပေးလို့ ရပါပြီ။
ဒါမှ ကလေးက အစာခြေစနစ် ကျန်းမာစေဖို့ လိုအပ်တဲ့ အမျှင်ဓာတ်နဲ့ ဗီတာမင် သတ္တုဓာတ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ကလေးကို အစားအစာတွေ စမိတ်ဆက်ပေးတဲ့အခါ သစ်သီးတွေကိုလည်း မိတ်ဆက်ပေးဖို့ လိုပါမယ်။ ဘယ်လို အသီးတွေကို စမိတ်ဆက်ပေးရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။
ကလေးလေး အစားစစားနိုင်ပြီလား ?
ပူတူးတူးလေးမာ အခုလို လက္ခဏာတွေ စတွေ့ရပြီဆိုရင် ပူတူးတူးလေးက မန်းမန်းအပါအဝင် သစ်သီးတွေ အသီးအရွက်တွေကို စစားလို့ ရပါပြီ။
ဘေဘီလေးက အသက် ၆ လပြည့်ပြီ။ ဘေဘီလေးရဲ့ အစာခြေစနစ်က အင်ဇိုင်းတွေကလည်း အစာခြေဖို့ လုံလောက်တဲ့အထိ ဖွံ့ဖြိုးလာပြီ။ ဒီတော့ အခုလို လက္ခဏာတွေ တွေ့ရပြီဆိုရင် ကလေးလေးတွေကို အစားစခွံလို့ ရပါပြီ။
- ကလေးက ခေါင်းမတ်ပြီ
- အထိန်းလေးနဲ့ ကောင်းကောင်း ထိုင်တတ်ပြီ
- အစား စစားတတ်ပြီ
- ကလေးက အစားတွေကို စစိတ်ဝင်စားလာပြီဆိုရင် ပူတူးတူးလေးက အစားစစားဖို့ အသင့်ဖြစ်ပါတယ်။
ကလေးငယ်လေးတွေကို ဘာအသီးတွေနဲ့ စမိတ်ဆက်ပေးမလဲ?
ပူတူးတူးလေးက အစားစစားလို့ ရပြီဆိုရင် သစ်သီးလေးတွေ အားလုံးနီးပါးနဲ့ မိတ်ဆက်ပေးလို့ ရပါပြီ။ ပူတူးတူးလေးကို ပထမဆုံး အနေနဲ့
ပန်းသီး
ပန်းသီးက အစာကြေလွယ်သလို ကလေးလေး ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်တွေ ပါဝင်နေပါတယ်။ ပန်းသီးလေးကို ကြိတ်ခြေပြီး ကျွေးပေးလို့ ရသလို အရွယ်တော်လေးတွေ တုံးပြီး အသီးစား ချိုလိမ်လေးထဲ ထည့်ကျွေးလို့လည်း ရပါတယ်။
# တစ်ခု သတိထားရမှာက ပန်းသီးကို အခွံနွှာပြီး အစေ့တွေ သေချာဖယ်ဖို့ပါ။
ငှက်ပျောသီး
ငှက်ပျောသီးက ပိုတက်ဆီယမ် ကြွယ်ဝသလို ဗီတာမင် B6၊ ဗီတာမင် C နဲ့ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်ပါတယ်။ ဖျော်ပြီး တိုက်လို့ ရသလို အရွယ်တော်လေးတွေ တုံးပြီး ကျွေးပေးလို့ ရပါတယ်။
ထောပတ်သီး
ထောပတ်သီးကလည်း ပူတူးတူးလေးတွေကို စကျွေးပေးသင့်တဲ့ အသီးတွေထဲက တစ်မျိုးပါ။ ထောပတ်သီးမှာ မပြည့်ဝဆီ ပါဝင်နေသလို ဦးနှောက်နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။ ကြိတ်ခြေပြီး ကျွေးပေးလို့ ရပါတယ်။
ဘလူးဘယ်ရီ
ဘလူးဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် ကလေးရဲ့ မျက်လုံး၊ ဦးနှောက် နဲ့ ဆီးလမ်းကြောင်းတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
မက်မွန်သီး
မက်မွန်သီးမှာ ဗီတာမင် C ပါဝင်နေသလို နီကာဆင် (ဗီတာမင် B3) ပါဝင်နေတာကြောင့် ဦးနှောက် ကျန်းမာစေပြီး သိမြင်မှုစွမ်းရည် ကောင်းမွန်စေနိုင်ပါတယ်။
ရေးသားသူ - မွန်မွန်